လိုင်းကားတစ်စီးပေါ်မှာလိုက်လာတဲ့ အမျိုးသားတစ်ယောက်က သူ့ဘေးမှာထိုင်နေတဲ့ အမျိုးသမီးတစ်ယောက် လှည့်ကြည့်ပြီး :
“ခင်များမှာ ကလေးရှိလားဗျ”
“ဟုတ်ကဲ့..သားတစ်ယောက်ရှိပါတယ်ရှင့်”
“သူက ဆေးလိပ်သောက်တတ်လား”
“မသောက်ပါဘူးရှင်”
“အော်..အဲဒါကောင်းတယ်။ပြီးတော့အိမ်ပြန်ရောနောက်ကျတတ်လားဗျ”
“မနောက်ကျပါဘူး”
“အိုး..ခင်များသားက တစ်ကယ့်လူလိမ္မာလေးပဲဗျ။ဒါနဲ့ သူ့အသက်ဘယ်လောက်ရှိပြီလဲ”
“ခြောက်နှစ်ရှိပါပြီရှင်”
Saturday 15 September 2007
လူလိမ္မာလေး
Posted by ဖီးနစ် - ငတေ at 17:50
Labels: ဖီးနစ်-ငတေ
Subscribe to:
Post Comments (Atom)
2 comments:
I like this one.
ကျွန်တော်က သိပ်မကြိုက် ချင်ဘူး ကျွန်တော်ဆို ခုအရွယ်အထိ ဒါတွေ လုပ်ဝူး ဟီး
Post a Comment