Saturday 15 September 2007

တောင်းပန်လိုက်ပုံလေးကတော့...

ဒါလေးက ကျွန်တော်တို့ထဲမှာ တစ်ကယ်ဖြစ်ခဲ့တာပါ။
အဲဒီတုန်းက မော်စကိုကို စရောက်ကာစပေါ့။ ရုရှားလို ဟုတ် (ဒါ)၊ မဟုတ် (ညက်)၊ ကျေးဇူးတင်ပါတယ်(စပါဆီးဗာ)၊ တောင်းပန်ပါတယ် (အီးဇဗီးညိကျယ်) လောက်တောင် သေချာမသိသေးခင်ကပေါ့။
မြေအောက်ရထားက တစ်ခါတလေ တစ်အားကျပ်တတ်ပါတယ်။ ရုံးဆင်းချိန်ဆို ဖြစ်တတ်ပါတယ်။ တစ်နေ့မှာ သူငယ်ချင်းတစ်ယောက်က မြေအောက်ရထားစီးရင်း ရုရှားတစ်ယောက်ကို တက်နင်းမိပါလေရော။ သူကလဲ အရမ်းကို အားနာသွားပြီး ချက်ချင်းကို တောင်းပန်လိုက်ပါတယ်။ အဲဒီမှာ သူ တောင်းပန်လဲ ပြီးရော အဲဒီ ရုရှားဆို မျက်နှာ အတော်လေး တင်းသွားတယ် ခင်ဗျ။ သူတောင်းပန်လိုက်ပုံက စပါဆီးဗာ ( ကျေးဇူးတင်ပါတယ်ခင်ဗျ ) တဲ့လေ။

2 comments:

Anonymous said...

ဟားဟား ရီရတယ်ဗျို့ ။

တက်နင်းခံပေးတာကို ကျေးဇူးတင်သတဲ့ အဟား ။ ဆွဲထိုးမခံရလို့ တော်သေး ။

ဘလူးဖီးနစ် said...

အထိုးခံရတာရှိဘူးတယ်။ စရောက်တုန်းက ဒီက ရထားတွေ ကားတွေမှာ မသန်စွမ်းတွေ လူကြီးတွေ အတွက်ထားတဲ့ ခုံကို စာမဖတ်တတ်လို့ မှားပြီး ထိုင်တဲ့ သူကို ထိုးသွားဖူးတယ်လို့ပြောတယ်။ တကယ်က စာမတတ်သေးလို့ပါ။