Friday 12 October 2007
Wednesday 3 October 2007
Friday 21 September 2007
Thursday 20 September 2007
နှစ်သစ်ကူးည
နှစ်သစ်ရဲ့မနက်ဖြန်
တွက်စစ်လို့ကြံမိပြန်တော့
tutorial နဲ့ monthly test
အရမ်းကြီးခက်စရာအကြောင်းမထင်
မြင်သော်လည်းဝေးဝေး
မှိုင်တွေကာဆွေးရမယ့်
မဒီပျိုကညာအလှတွေလဲ
ဒီမြေမှာမရှိလေတော့
အရက်ပုလင်းကိုဖက်
အဆောင်မှူး အသာ check ပြီး
ကန်စွန်းရွက်ကြော်အမြည်းနဲ့
နှစ်သစ်ကိုမျှော်ပြီးသောက်ရအောင်။ ။
မှတ်ချက်။ ။ ကျွန်တော် အရက်မသောက်တတ်ပါခင်ညာ။
Posted by ဖီးနစ် - ငတေ at 18:12 0 comments
Labels: ကဗျာ, ကိုယ်တွေ့, ဖီးနစ်-ငတေ
Tuesday 18 September 2007
တစ်သက်မမေ့စရာ...
ကျွန်တော်မြန်မာပြည်ကို ခဏပြန်တုန်းကပေါ့ ...
ပထမဆုံး ရောက်ရောက်ချင်း အရင်ဆုံး စဉ်းစားမိတာက ဟိုမှာနေတုန်း ငတ်နေသမျှ အတိုးချ စားဖို့ပါပဲ အဟဲ။ ပြင်ဦးလွင်မှာ ဆိုတော့ ရှမ်းခေါက်ဆွဲစားဖို့ စဉ်းစားမိတယ်။ ဒါနဲ့ သူငယ်ချင်းတစ်ယောက်နဲ့ လူရှင်းတဲ့ ရှမ်းခေါက်ဆွဲဆိုင်လေးကို သွားခဲ့ကြတယ်။ ဆိုင်ပိုင်ရှင် ကောင်မလေးက ချစ်စရာလေးသိလား။ ဟို သီချင်းထဲကလိုပေါ့... "ဆန်ခေါက်ဆွဲ ..ကောင်းလို့လဲ စားတာပါ၊ ဆိုင်ရှင်လေး လှလို့ စားတာပါ" အဲလိုလေ။ ကောင်မလေးက တော့ သူလုပ်နေကျအတိုင်း ခေါက်ဆွဲလုပ်နေတယ်လေ။ ကြည့်ကောင်းကောင်းနဲ့ ကြည့်ရင်း စချင်စိတ်ဖြစ်လာတယ်။ ဟိုကောင့်ကို ကြည့်လိုက်တော့လဲ အကြံတူနေတဲ့ ပုံပဲ။ ဒါနဲ့ လှမ်းပြောလိုက်တယ်။
"ညီမလေး ဒီ ခေါက်ဆွဲကို အကိုတို့စားမှာ ရိုးရိုးခေါက်ဆွဲမဟုတ်ဘူးနော် သိလား"
"ရှင်..... ဘာလို့လဲ"
"အော် အကိုတို့ က မြန်မာပြည်ကို ခုမှ ပြန်ရောက်တာလေ။ ဒါအကိုတို့ ပထမဆုံး မြန်မာပြည်က ရှမ်းခေါက်ဆွဲစားတာသိလား။ စပါယ်ရှယ်လုပ်ပေးနော်"
"တကယ်လား ..... ဒါဆို အကောင်းဆုံးလုပ်ပေးမယ်နော် စိတ်ချ"
ဒါနဲ့ပဲ ကျွန်တော်တို့ စပါယ်ရှယ်လုပ်ထားတဲ့ ခေါက်ဆွဲကို ခေါင်းမဖေါ်တမ်း စားကြတာပေါ့ဗျာ။ အဟဲ စားကောင်းကောင်းနဲ့ စားလိုက်တာ ခနလေးပဲ ကုန်သွားရော။ ကုန်ခါနီးကျတော့ စားလို့ မ၀ သလိုဖြစ်တာတယ်လေ။ ဟိုကောင်လဲ အဲလိုပဲ။ တစ်ပွဲဆီထပ်စားဖို့လဲ ကုန်မှာမဟုန်ဘူး။ ဒါမျိုးဆို အရမ်း ဥာဏ်များတဲ့ကျွန်တော်က စကားတောင်စား ပိန္နဲသီးတောင်းစားတာကိုသွားသတိရမိတယ်။ ဒါနဲ့ သူ့ကို အသာ မျက်စပစ်ပြပြီး စကားစလိုက်တယ်..
"သူငယ်ချင်းရေ ဒီဆိုင်က စားစရာ စာရင်းမှာ မြီးရှည်ဆိုတာပါတယ်ကွ။ အဲဒါ ဘယ်လိုမျိုးလဲ။ ရှမ်းခေါက်ဆွဲထက်ကောင်းလားကွ"
ဒီကောင်ကလဲ အထာနပ်တယ်လေ
"အေးကွ ငါလဲအရင်ကပဲ စားဘူးတာ ခု ကြာပြီဆိုတော့မေ့နေပြီကွ"
အဟဲ အဲလိုပြောပြီးလို့ သိပ်မကြာပါဘူး။ သိပ်လှပြီး သိပ်သဘောကောငှ်းတဲ့ ရှမ်းမလေး မြီးရှည်တစ်ပွဲလာချပေးပါလေရော။ ရှမ်းသံဝဲ၀ဲလေးနဲ့ ချစ်စရာပြောသွားတာက "အကိုတို့ နောက်တစ်သက်လုံး မမေ့ဖို့ ဖြည်းဖြည်းချင်းစားပြီး မှတ်သွားနော်" တဲ့။
Posted by ဖီးနစ် - ငတေ at 09:40 0 comments
Labels: ကိုယ်တွေ့, ဖီးနစ်-ငတေ
Monday 17 September 2007
၁ ယောက်လိုနေသည်...
တစ်နေရာမှ ရထားတာပါ။ မူရင်း source ကို မသိလို့ မဖေါ်ပြပေးနိုင်တော့ပါ။ အားလုံးကြိုက်ကြမယ်ထင်လို့ ဖေါ်ပြပေးမိတာပါ။
Posted by ဖီးနစ် - ငတေ at 15:43 1 comments
Labels: ကဗျာ, ဖီးနစ်-ငတေ
Sunday 16 September 2007
ချစ်ဖို့ကောင်းတဲ့ ကျွန်တော့်ခွေး
လူတစ်ယောက် ဆိုင်တစ်ဆိုင်ထဲကို ၀င်သွားတဲ့အချိန်မှာ ဆိုင်ထဲမှာချစ်စရာကောင်းတဲ့ ခွေးလေးတစ်ကောင် ကိုတွေ့လို့ ဘေးနားမှာရှိတဲ့ ဆိုင်ဝန်ထမ်းတစ်ယောက်ကိုမေးလိုက်တယ် :
“ခင်များခွေးက ကိုက်တတ်လားဗျ”
“ကျွန်တော့်ခွေးက မကိုက်တတ်ပါဘူခင်မျာ”
ဒါနဲ့သူလဲ ခွေးလေးကို ပွတ်သပ်ပေး မလို့ကိုင်လိုက်တော့ ခွေလေးက ကိုက်ပါလေရော။
“အားးးးးးးးးးးးးး…….ခင်များပြောတော့ ခင်များခွေးက မကိုက်ဘူးဆို”
“အဲဒါ ကျွန်တော့်ခွေး မဟုတ်ပါဘူး ခင်မျာ”
Posted by ဖီးနစ် - ငတေ at 10:48 0 comments
Labels: ဖီးနစ်-ငတေ
အင်ထရို
“ဟေ့…..မင်းလဲဒီလေယာဉ်နဲ့ပဲ လိုက်လာတာလား”
Posted by ဖီးနစ် - ငတေ at 06:18 0 comments
Labels: ဖီးနစ်-ငတေ
Saturday 15 September 2007
အရည်ပျော်ကုန်မှာစိုးလို့
အမေဖြစ်သူက သမီးနှစ်ယောက်ရှိတဲ့အခန်းထဲကိုဝင်လာပြီး
“မမ နဲ့ မီးမီး မေမေနေ့လည်စာ ချက်နေတာကိုလာကူကြစမ်း” လို့ပြောပြီးပြန်ထွက်သွားတယ်။
အဲဒီအချိန်မှာ မမကအာဖရိကကြောင်းရေးထားတဲ့ စာအုပ်တစ်အုပ်ကိုစိတ်ဝင်တစားဖတ်နေပြီး မီးမီးကတော့ ကစားနေတာပေါ့။ သူတို့နှစ်ရောက်စလုံးအမေကိုသိပ်မကူညီချင်ကြဘူး။ ဒါပေမယ့်မီးမီးကမေမေ့ကို ကူညီ လုပ်ကိုင်ပေးပြီးမှဆက်ကစားမယ်ဆိုပြီး မီးဖိုခန်းထဲကိုထွက်သွားတယ်။ခဏကြာတော့ အခန်းထဲကိုပြန်ဝင်လာပြီး
“မမ မေမေ့ကိုသွားမကူဘူးလား။”
"အခု မမအိမ်မှာမရှိဘူးညီမလေး။အာဖရိက ကိုရောက်နေတယ်။ဒီမှာ အပင်တွေကလဲအများကြီး။ပြီးတော့ ကြက်တူရွေးလေးတွေလဲပျံနေကြတယ်။"
မီးမီးလဲဘာမပြောဘဲ မီးဖိုခန်းထဲ နောက်တစ်ခေါက်ထပ်ထွက်သွားတယ်။နောက် မိနစ် ၂၀ လောက်ကြာတော့ အခန်းထဲကိုပြန်ဝင်လာပြီး ထိုင်ကစားနေတယ်။အဲဒီအချိန်မှ မမ က
“ကဲ……အခုတော့ ငါအိမ်ပြန်ရောက်ပြီ”ဆိုပြီး စာအုပ်ကိုချလိုက်တယ်။ပြီးတော့ မီးမီး ကို တအံ့တသြ ကြည့်ပြီး……. “မီးမီး..နင်ဘာတွေစားနေတာလဲ”
“ညီမလေးလား…ဒုတိယမြောက်ရေခဲမုန့်ကို စားနေတာလေ။ပထမ တစ်ခုက ညီမလေးဟာ…..အခုစားနေတာက မမရဲ့ရေခဲမုန့်”
“ဟင်…….မမရေခဲမုန့်ကိုဘာလို့စားပြစ်ရတာလဲ”
“မေမေကပြောတယ်……မမက အာဖရိက ကနေဘယ်တော့မှပြန်လာမှာမှန်းမသိဘူးတဲ့။ရေခဲမုန့်တွေ က အရည်ပျော်တတ်တယ်တဲ့”
Posted by ဖီးနစ် - ငတေ at 19:33 2 comments
Labels: ဖီးနစ်-ငတေ
ဆရာမကိုချစ်လို့
“မေမေ…..သမီးတို့ဆရာမက အရမ်းသဘောကောင်းတာဘဲသိလား။သမီးကဆရာမကို အရမ်းအရမ်းချစ်တာ”
“ဟုတ်လား…မေမေအရမ်းဝမ်းသာပါတယ်သမီးရယ်”
“ဟုတ်တယ်မေမေ..အဲဒါကြောင့် သမီး ပထမတန်းမှာပဲနောက်တစ်နှစ်ထပ်နေခဲ့တယ်”
Posted by ဖီးနစ် - ငတေ at 18:39 1 comments
Labels: ဖီးနစ်-ငတေ, ကျောင်းသားဟာသ
မရှိပါဘူးဆရာ
ကလောင် ကလင် ကလောင် ကလင်………………..
“ကဲကျောင်းဆင်းခေါင်းလောင်းထိုးပြီ။ ဒီနေ့အတွက်သင်ခန်းစာကတော့ ဒီလောက်ပဲ။ငါ့တပည့်တွေ ဒီနေ့သင်တာနဲ့ ပါတ်သတ်ပြီးမေးစရာရှိလား”
“မရှိပါဘူးဆရာ”
“အေးအေး….။နားလည်တာရောရှိလား”
“မရှိပါဘူးဆရာ”
Posted by ဖီးနစ် - ငတေ at 18:28 4 comments
Labels: ဖီးနစ်-ငတေ, ကျောင်းသားဟာသ
အမေးအဖြေ
“ငါ့သား မင်းဘာလို့စာမေးပွဲမအောင်တာလဲ ပြောစမ်း။မင်းအဲဒီမေးခွန်းတွေအကုန်လုံးကို သိတယ်မဟုတ်ဘူးလား”
“ဟုတ်ပါတယ်ဖေဖေ။မေးခွန်းတွေအကုန်လုံးကို သားသိပါတယ်။ဒါပေမယ့် အဖြေတွေမှသားမသိတာ”
Posted by ဖီးနစ် - ငတေ at 18:11 0 comments
Labels: ဖီးနစ်-ငတေ, ကျောင်းသားဟာသ
မသိရင်မေး
“ဟေ့ ဘိုဘို..မင်းတို့ကိုသမိုင်းဘာသာရပ် သင်တဲ့ဆရာကို ကြိုက်လားကွ”
“ဟာ…သိပ်မကြိုက်ပါဘူးဗျာ။ကျွန်တော့်အထင်တော့ သူသမိုင်းအကြောင်း သိပ်မသိဘူးထင်ပါတယ်။တစ်ချိန်လုံး နီးပါးကျွန်တော်တို့ကိုပဲမေးနေတယ်လေ”
Posted by ဖီးနစ် - ငတေ at 18:00 2 comments
Labels: ဖီးနစ်-ငတေ, ကျောင်းသားဟာသ
လူလိမ္မာလေး
လိုင်းကားတစ်စီးပေါ်မှာလိုက်လာတဲ့ အမျိုးသားတစ်ယောက်က သူ့ဘေးမှာထိုင်နေတဲ့ အမျိုးသမီးတစ်ယောက် လှည့်ကြည့်ပြီး :
“ခင်များမှာ ကလေးရှိလားဗျ”
“ဟုတ်ကဲ့..သားတစ်ယောက်ရှိပါတယ်ရှင့်”
“သူက ဆေးလိပ်သောက်တတ်လား”
“မသောက်ပါဘူးရှင်”
“အော်..အဲဒါကောင်းတယ်။ပြီးတော့အိမ်ပြန်ရောနောက်ကျတတ်လားဗျ”
“မနောက်ကျပါဘူး”
“အိုး..ခင်များသားက တစ်ကယ့်လူလိမ္မာလေးပဲဗျ။ဒါနဲ့ သူ့အသက်ဘယ်လောက်ရှိပြီလဲ”
“ခြောက်နှစ်ရှိပါပြီရှင်”
Posted by ဖီးနစ် - ငတေ at 17:50 2 comments
Labels: ဖီးနစ်-ငတေ
အာဏာရှင်
အဖေမင်းကို ဒီမြင်းနှစ်ကောင်ပေးလိုက်မယ်..တစ်ကယ်လို့ မင်းတွေ့တဲ့ မိသားစုမှာ ယောက်ျားက ဦးဆောင်ရင် သူတို့ကို မြင်းတစ်ကောင်ပေးလိုက်။အေး..မိန်းမကဦးဆောင်နေတဲ့ မိသားစုဆိုရင်တော့ ဒီကြက်ဥ ကိုပေးခဲ့”လို့ အမှာတော်ပါးပြီးလွှတ်လိုက်သတဲ့။ သားဖြစ်သူက အဖေပေးလိုက်တဲ့မြင်နှစ်ကောင်နဲ့ ကြက်ဥကိုယူပြီး ထွက်လာလိုက်တာ မကြာခင်မှာ လင်မယားနှစ်ယောက်ရှိ တဲ့အိမ်တစ်အိမ်ကိုတွေ့လို့ ၀င်ခဲ့သတဲ့။ သူ့ရဲ့ လားရင်းကိစ္စကို ရှင်းပြပြီးတဲ့ အချိန်မှာ မိန်မဖြစ်သူက:
“ငါ့တူရယ်…အဒေါ်တို့မိသားစုမှာ အဒေါ့်ယောက်ျားက အိမ်ထောင်ဦးစီးလေ။ ဘယ်ကိစ္စပဲ ဖြစ်ဖြစ် သူပဲဆုံးဖြတ်တာ” “ကောင်းပါပြီ အဒေါ်။အဲဒါဆိုရင် ဒီမြင်းနှစ်ကောင်ထဲက ကြိုက်တဲ့အကောင်ကိုရွေးပြီး ယူပါခင်မျာ”
“ရှင်မရေ..တို့ဒီမီးခိုးရောင် မြင်းကိုယူရအောင်ကွာ…။ကြည့်စမ်းပါဦး…ခြေချောင်းတွေကလဲသန်သန်မာမာ၊ ပြီးတော့ ရင်အုပ်ကလဲ ကျယ်ကျယ်နဲ့….ဒီကောင်ကြီးကြည့်ရတာ လယ်ထဲမှာတော်တော်ခိုင်းကောင်းမဲ့ပုံပဲကွ…နော်”
“အို..ရှင်ကလဲ။ ကျွန်မကတော့ ဒီမြင်းနက်လေးကိုပဲ သဘောကျတယ်။ဒါပဲနော် ဒီမြင်းနက်လေးကိုမယူရင်တော့ ရှင်နဲ့ကျွန်မအတွေ့ဘဲ”
“ကောင်းပါပြီ ရှင်မရာ..စိတ်မကောက်ပါနဲ့။ရှင်မစိတ်ကြိုက် အဲဒ်ီမြင်းနက်လေးပဲ ယူလိုက်ပါကွာ။”
အဲဒီမှာပဲ လင်မယားနှစ်ယောက်ပြောဆိုတိုင်ပင်သံတွေကိုနားထောင်နေတဲ့ လူငယ်လေးက : “ကျေးဇူးတင်ပါတယ်ခင်ဗျာ…..ဦးလေးတို့မိသားစုရဲ့ အိမ်ထောင်ဦးစီးကိုအခုပဲ ကျွန်တော်သိလိုက်ပါပြီ.. ကျေးဇူးပြုပြီး ဒီကြက်ဥလေး ကို လက်ဆောင်အဖြစ်ယူထားလိုက်ကြပါ ခင်မျာ..။”
Posted by ဖီးနစ် - ငတေ at 17:13 0 comments
Labels: ဖီးနစ်-ငတေ
တောင်းပန်လိုက်ပုံလေးကတော့...
ဒါလေးက ကျွန်တော်တို့ထဲမှာ တစ်ကယ်ဖြစ်ခဲ့တာပါ။
အဲဒီတုန်းက မော်စကိုကို စရောက်ကာစပေါ့။ ရုရှားလို ဟုတ် (ဒါ)၊ မဟုတ် (ညက်)၊ ကျေးဇူးတင်ပါတယ်(စပါဆီးဗာ)၊ တောင်းပန်ပါတယ် (အီးဇဗီးညိကျယ်) လောက်တောင် သေချာမသိသေးခင်ကပေါ့။
မြေအောက်ရထားက တစ်ခါတလေ တစ်အားကျပ်တတ်ပါတယ်။ ရုံးဆင်းချိန်ဆို ဖြစ်တတ်ပါတယ်။ တစ်နေ့မှာ သူငယ်ချင်းတစ်ယောက်က မြေအောက်ရထားစီးရင်း ရုရှားတစ်ယောက်ကို တက်နင်းမိပါလေရော။ သူကလဲ အရမ်းကို အားနာသွားပြီး ချက်ချင်းကို တောင်းပန်လိုက်ပါတယ်။ အဲဒီမှာ သူ တောင်းပန်လဲ ပြီးရော အဲဒီ ရုရှားဆို မျက်နှာ အတော်လေး တင်းသွားတယ် ခင်ဗျ။ သူတောင်းပန်လိုက်ပုံက စပါဆီးဗာ ( ကျေးဇူးတင်ပါတယ်ခင်ဗျ ) တဲ့လေ။
Posted by ဖီးနစ် - ငတေ at 15:37 2 comments
Labels: ဖီးနစ်-ငတေ, ရုရှဟာသများ
ရုရှားကျောင်းသားဆိုတာ
စစ်အေးကာလတုန်းကပေါ့ အမေရိကန်တွေက ရုရှားဆီက နောက်ဆုံးပေါ်နည်းပညာတွေကို လိုချင်တာနဲ့ နာမည်ကြီး ရုရှ တက္ကသိုလ်တွေကို စပိုင်ကျောင်းသားတွေ လွှတ်လိုက်ပါလေရော။
စပိုင်တွေက နည်းပညာအသစ်တွေကို အပတ်တကုတ်နဲ့ ကြိုးစားလိုက်ကြတာ မကြာခင် အမှတ်တွေအရမ်းကောင်းပြီး ဂရိတ်ဖိုက် ကြီးပဲ ရကြတယ်ဆိုပဲ။ အဲဒီမှာ စပိုင်တွေနဲ့ ရုရှတွေကြား အမှတ်တွေတစ်အားကွာခြားသွားပြီး ဘယ်တော့မှစာမကြိုးစားတဲ့ ရုရှကျောင်းသားတွေနဲ့ လုံးဝမတူတဲ့ စပိုင်တွေကို ကေဂျီဘီ က အလွယ်ပဲ ခွဲခြားသိရှိပြီး ဖမ်းလိုက်ပါလေရော။
ဒီတစ်ခါတော့ အမေရိကန်တွေက နောက်တစ်ခါ လွှတ်မယ့် စပိုင်တွေကို သေချာ လေ့ကျင့် ပေးလိုက်တာပေါ့။ ဒီတစ်သုတ် စပိုင်တွေကျတော့ ရုရှားတွေ လိုပဲ ဗော်ဒကာ သောက်လိုက် လျောက်လည်လိုက်နဲ့ ခွဲလို့ မရအောင် နေပါလေရော။ ဒါပေမယ့် စာမေးပွဲလဲဖြေရော သူတို့နဲ့ အတူတူ ကဲခဲ့တဲ့ ရုရှားကျောင်းသားတွေ က အားလုံး အောင်ပြီး စပိုင်တွေ က အကုန်ကျပါလေရော။ အဲ ဒီတစ်ခါ လာဖမ်းတဲ့ ကေဂျီဘီ အရာရှိက ဘာပြောသလဲဆိုတော့ "ဒီမှာ မှတ်ထားကွ။ ရုရှကျောင်းသားဆိုတာ စာလဲအရမ်းမကြိုးစားဘူး ဒါပေမယ့် ဘယ်တော့မှလဲ စာမေးပွဲ မကျဘူးကွ" တဲ့။
Posted by ဖီးနစ် - ငတေ at 15:08 2 comments
Labels: ဖီးနစ်-ငတေ, ရုရှဟာသများ, ကျောင်းသားဟာသ