Saturday 15 September 2007

ရုရှားကျောင်းသားဆိုတာ

(ဒီဟာသ လေးကို ဆရာက အတန်းထဲမှာ စာသင်ရင်း တပည့်တွေ အိပ်ငိုက်နေလို့ ပြောပြခြင်းပါခင်ဗျာ။)
စစ်အေးကာလတုန်းကပေါ့ အမေရိကန်တွေက ရုရှားဆီက နောက်ဆုံးပေါ်နည်းပညာတွေကို လိုချင်တာနဲ့ နာမည်ကြီး ရုရှ တက္ကသိုလ်တွေကို စပိုင်ကျောင်းသားတွေ လွှတ်လိုက်ပါလေရော။
စပိုင်တွေက နည်းပညာအသစ်တွေကို အပတ်တကုတ်နဲ့ ကြိုးစားလိုက်ကြတာ မကြာခင် အမှတ်တွေအရမ်းကောင်းပြီး ဂရိတ်ဖိုက် ကြီးပဲ ရကြတယ်ဆိုပဲ။ အဲဒီမှာ စပိုင်တွေနဲ့ ရုရှတွေကြား အမှတ်တွေတစ်အားကွာခြားသွားပြီး ဘယ်တော့မှစာမကြိုးစားတဲ့ ရုရှကျောင်းသားတွေနဲ့ လုံးဝမတူတဲ့ စပိုင်တွေကို ကေဂျီဘီ က အလွယ်ပဲ ခွဲခြားသိရှိပြီး ဖမ်းလိုက်ပါလေရော။
ဒီတစ်ခါတော့ အမေရိကန်တွေက နောက်တစ်ခါ လွှတ်မယ့် စပိုင်တွေကို သေချာ လေ့ကျင့် ပေးလိုက်တာပေါ့။ ဒီတစ်သုတ် စပိုင်တွေကျတော့ ရုရှားတွေ လိုပဲ ဗော်ဒကာ သောက်လိုက် လျောက်လည်လိုက်နဲ့ ခွဲလို့ မရအောင် နေပါလေရော။ ဒါပေမယ့် စာမေးပွဲလဲဖြေရော သူတို့နဲ့ အတူတူ ကဲခဲ့တဲ့ ရုရှားကျောင်းသားတွေ က အားလုံး အောင်ပြီး စပိုင်တွေ က အကုန်ကျပါလေရော။ အဲ ဒီတစ်ခါ လာဖမ်းတဲ့ ကေဂျီဘီ အရာရှိက ဘာပြောသလဲဆိုတော့ "ဒီမှာ မှတ်ထားကွ။ ရုရှကျောင်းသားဆိုတာ စာလဲအရမ်းမကြိုးစားဘူး ဒါပေမယ့် ဘယ်တော့မှလဲ စာမေးပွဲ မကျဘူးကွ" တဲ့။

2 comments:

Anonymous said...

ရုရှရောက် ဗမာကျောင်းသားကျတော့ရော ဘယ်လိုတုန်းး)

ဘလူးဖီးနစ် said...

အညိုးညိုး အစားစားပါပဲ။ ကျွန်တော်ကတော့ ညံ့တဲ့ ထဲ ပါပါတယ်ဗျာ